မဘိမ်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာစတင်ဖြေဆို

မဘိမ်း    မတ်     ၃၁             

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မဘိမ်းအထကနှင့် ငါးအိုးအထက စာစစ်ဌာနနှစ်ခု၌ ယနေ့နံနက် နာရီအချိန်မှ စတင်ကျင်းပ လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာဘာသာရပ်ကို စာရင်းရှိကျောင်းသား၊ ကျောင်းသူ ၄၂၆ ဦးရှိပြီး  ၃၂၄ ဦး ဝင်ရောက်ဖြေဆိုသဖြင့်  ၇၆.၀၆ ရာခိုင်နှုန်းရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ကျောင်းအတွင်း/အပြင် လုံခြုံရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးနှင့်ပတ်သက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုရာတွင် ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများ က ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)