ငါ့သရောက်မြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ (မြန်မာစာ) စတင်ဖြေဆို

ငါ့သရောက် မတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ (မြန်မာစာ) ဘာသာကို ငါ့သရောက်မြို့(အ.ထ.က)ကျောင်း တွင် ယနေ့ နံနက် ၉ နာရီ အချိန်ကစတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်း သာစွာဖြေဆိုနိုင်ရေးအတွက် ငါ့သရောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းဦးဆောင်မှု့ဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်များနှင့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများက တာဝန်ယူ စောင့်ရှောက်ပေးလျက်ရှိပြီး၊ ကျန်းမာရေးဌာနမှဝန်ထမ်းများကလည်း ကျောင်းသား၊ ကျောင်းသူ များ၏ ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များကို ပြင်ဆင်ထားလျက်ရှိကြောင်း သိရသည်။

ငါ့သရောက်မြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ ကျောင်းသား (၂၀)ဦး၊ ကျောင်းသူ(၅၅)ဦး စုစုပေါင်း (၇၅)ဦး ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ငါ့သရောက်(ပြန်/ဆက်)