မိတ္ထီလာ မတ် ၃၁
မိတ္ထီလာမြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က သက်ဆိုင်ရာ စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်းသိရသည်။
၂၀၂၂ ခုနှစ် ယနေ့တွင် စတင်ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြို့နယ်အတွင်းရှိ အ.ထ.က (၁)ရှိ ဒက္ခိဏစာစစ်ဌာန၊ ဥတ္တရစာစစ်ဌာန၊ အ.ထ.(၂)စာစစ်ဌာန၊ အ.ထ.က(၃)စာစစ်ဌာန၊ အ.ထ.က(၄) စာစစ်ဌာန၊ အ.ထ.က(၅)စာစစ်ဌာန (၁) (၂)၊ အ.ထ.က(၆)စာစစ်ဌာန၊ အ.ထ.က (ညောင်ကိုင်း) စာစစ် ဌာန၊ အ.ထ.က(တောမ)စာစစ်ဌာန၊ အ.ထ.က(အလည်ရွာ)စာစစ်ဌာန၊ အ.ထ.က(ရေချို) စာစစ်ဌာန၊ အ.ထ.က(ရေဝေ)စာစစ်ဌာန၊ အ.ထ.က(ခွဲ)အောင်ဇေယျာစာစစ်ဌာနနှင့် အ.လ.က (၂)စာစစ်ဌာန စသည့် စာစစ်ဌာန(၁၅)ခုဖြင့် ကျင်းပလျက်ရှိသည်။ ထိုသို့ ကျင်းပလျက်ရှိရာ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ၂၂၉၃ ဦးနှင့် ကျောင်းသူ ၂၉၁၁ ဦး စုစုပေါင်း ၅၂၀၄ ဦးရှိရာ မတ်လ ၃၁ ရက်နေ့တွင် ဖြေဆိုသည့် မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ၂၀၉၃ ဦး ကျောင်းသူ ၂၇၅၃ ဦး စုစုပေါင်း ၄၈၄၆ဦး ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)