တံတားဦးမြို့နယ်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ မြန်မာစာ စတင်ဖြေဆို

တံတားဦး  မတ်  ၃၁

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ ၂၀၂၁-၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို နိုင်ငံနှင့် တစ်ဝန်းရှိ အခြေခံပညာ အထက်တန်းကျောင်းများအားလုံးတွင် တစ်ပြိုင်တည်း ဖြေဆိုမည်ဖြစ်ရာ တံတားဦးမြို့နယ်ရှိ အခြေခံပညာအသထက်တန်းကျောင်းတွင်လည်း ယနေ့နံနက်(၉)နာရီက မြန်မာ စာမေးခွန်းကို စတင်ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည် ။

အဆိုပါစာမေးပွဲသို့  တံတားဦးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်း (ခွဲ)တို့မှ  မြန်မာစာကို ဖြေဆိုရန်(၇၈၅)ဦး စာရင်းပေးထားသော်လည်း ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၂၈၄)ဦး၊ ကျောင်းသူ(၄၃၃)ဦး၊ စုစုပေါင်း(၇၁၇)ဦး ဝင်ရောက်ဖြေဆိုကြရာ၊ ကျောင်းသား၊ ကျောင်း သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး မြို့နယ်  ကျန်းမာရေးဝန်ထမ်းများက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို အပူချိန် တိုင်းတာပေးခြင်း၊ စာမေးပွဲဖြေဆိုမည့် ကတ်ပြားများပ၊ မပါစစ်ဆေးခြင်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေ ပေးခြင်း၊ ယာယ်အန္တရာယ်နှင့် ကျောင်းဝင်းအပြင် လုံခြုံရေးတို့ကို ပူးပေါင်း ဆောင်ရွက်ပေးကြ သည်။

တံတားဦးမြို့နယ်၌ စာစစ်ဌာန(၂)ခုတွင် ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား (၃၁၄)ဦး ကျောင်းသူ (၄၇၁) စုစုပေါင်း(၇၈၅)ဦးဖြစ်ရာ၊ အတွဲ(၁)တွင် (၂၉၄)ဦး၊ အတွဲ(၂)တွင်(၇၁)ဦး၊ အတွဲ(၅)တွင်(၁)ဦး၊ အတွဲ(၇)တွင်(၄၀၆)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

ရဲတင့်