ညောင်ဦး မတ် ၃၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပထမနေ့၌ ယနေ့နံနက် ၉ နာရီအချိန်မှစတင်ပြီး စာစစ်ဌာနလေးခု၌ မြန်မာစာဘာသာရပ်အား ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ ကျောင်းသား၊ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိသည်။
ညောင်ဦးမြို့နယ်တွင် ကျောင်းသားကျောင်းသူများ အေးချမ်းတည်ငြိမ်စွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊မိဘဆရာအသင်းနှင့် ကျောင်းကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ ညောင်ဦးမြို့နယ်တွင် ညောင်ဦးမြို့ အခြေခံ ပညာအထက်တန်းကျောင်း၊ ပုဂံမြို့ အခြေခံပညာအထက်တန်းကျောင်း၊ တောင်ဇင်း အခြေခံပညာအထက်တန်းကျောင်း၊ ငါ့သရောက်မြို့ အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖွင့်လှစ်ထားရှိ သည့် စာစစ်ဌာနလေးခု၌ နေ့ရက်အလိုက် သက်ဆိုင်ရာဘာသာရပ်များကို ဖြေဆိုသွားမည်ဖြစ်ရာ ညောင်ဦးမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူ ကျောင်းသား ၃၀၇ ဦး၊ ကျောင်းသူ ၄၀၁ ဦး ၊ စုစုပေါင်း ၇၀၈ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးထံက သိရသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုနေသည့် စာစစ်ဌာနလေးခုသို့ ညောင်ဦး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူး ပြည့်ဖြိုးအောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ အေးချမ်းတည်ငြိမ်စွာဖြေဆိုနိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုထိန်၊KPD