သထုံတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက် ကျောင်းသားကျောင်းသူများ လာရောက် ဖြေဆို

သထုံ မတ်  ၃၁

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယနေ့စတင်ကျင်းပပြုလုပ်နေသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့၊ မြန်မာစာကို မြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတို့၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ လာရောက် ဖြေဆိုလျက်ရှိကြောင်း တွေ့ရသည်။

သထုံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပသည့် စာစစ်ဌာန သုံးခုရှိပြီး အထက(၁) သထုံ စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်းသူပေါင်း ၅၂၂ ဦးရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ ၄၈၀ ဦး၊ ပျက်ကွက် ၄၂ ဦး၊ အထက(ကျိုက္ကော်)၌ စာရင်းပေးသွင်းသူ ၄၁၇ ဦး၊ လာရောက်ဖြေဆို သူ ၃၉၁ ဦး၊ ပျက်ကွက် ၂၆ ဦး၊ အထက(မရမ်းကုန်း) စာစစ်ဌာန၌ စာရင်းပေးသွင်းသူ ၁၄၉ ဦး၊ လာရောက်ဖြေဆိုသူ ၁၄၄ ဦး၊ ပျက်ကွက် ၅ ဦး၊ စုစုပေါင်းဖြေဆိုရန်စာရင်းသွင်းထားသူပေါင်း ၁၀၈၈ ဦးရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ ၁၀၁၅ ဦး၊ ပျက်ကွက်သူ ၇၃ ဦးရှိကြောင်း ကျောင်းသားကျောင်းသူများ လုံခြုံအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအသီးသီးတို့၌ တာဝန်ရှိသူများက ကြပ်မတ်ကူညီ ဆောင်ရွက်ပေး‌ လျက်ရှိကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)