ဖားကန့် မတ် ၃၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက် ၉ နာရီက ဖားကန့်မြို့ အခြေခံပညာ အထက်တန်းကျောင်းနှင့် ကာမိုင်းမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတို့၌ ဖြေဆိုသူ ၈၄ ရာခိုင်နှုန်းကျော်ရှိကြောင်း မြို့နယ်ပညာရေးဦးစီးဌာနမှ သိရသည်။
ဖားကန့်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် စာဖြေသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၆၄)ဦးရှိပြီး စာစစ်ဌာန (၂)ခုဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပသွား မည်ဖြစ်ကြောင်း ယနေ့စာဖြေဆိုသည့် ရာခိုင်းနှုန်းမှာ ၈၄.၆၅ ရာခိုင်းနှုန်းရှိကြောင်း မြို့နယ် ပညာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)