သာစည်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

သာစည် မတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးလျက်ရာ အဋ္ဌမအသုတ် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယမန်နေ့နံနက် ၉ နာရီ အချိန်မှ စတင်၍ ဆေးထိုးစုရပ်အသီးသီးတို့တွင် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံထားခြင်း မရှိသေးသည့် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ အသက် ၁၈ နှစ် ပြည့်ပြီးသူ ပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး Covishleld ပထမအကြိမ်အဖြစ် မြို့နယ်ပြည်သူ့ဆေးရုံကြီး၊ သဲပုတ်ကုန်း၊ ထိန်ကန်ကြီး၊ သဲပုံ/သဲကုန်း၊ ထနောင်းကုန်း၊ ရွာကြီး၊ ဆင်ရွာ၊ အင်တိုင်းသာ၊ ချမ်းသာကြီးကျေးရွာများ ရှိ ပြည်သူ ၆၂၇ ဦး တို့အား ထိုးနှံပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာ ခြင်း၊ သွေးပေါင်းချိန်တိုင်းတာခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်းများ ဆောင်ရွက်၍ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကာကွယ်ဆေးထိုးနှံပေးရန် ကျန်ရှိနေသည့် ပြည်သူများကိုလည်း သတ်မှတ်‌ဆေးထိုး စုရပ်များ အလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)