မော်လမြိုင်မြို့၌ မြစိမ်းရောင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပြန်လည်ထုတ်ချေး

မော်လမြိုင် မတ် ၃၀

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရေးအတွက် မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ကော့ကွန် ကျေးရွာနှင့် စဉ့်အိုးဖိုကျေးရွာမြစိမ်းရောင်ကြီးကြပ်မှု ကော်မတီများအား ထုတ်ချေးပေးခဲ့သော မြစိမ်းရောင် အရင်းမပျောက် လည်ပတ်ရံပုံငွေ၊ အဋ္ဌမအကြိမ် ပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို မတ်လ ၂၉ ရက်၊ နံနက် ၁၁ နာရီ အချိန်တွင် ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှုးနှင့် ဒုတိယဦးစီးမှူးတို့မှ မြစိမ်းရောင် လည်ပတ်ရံပုံငွေ ပြန်လည် ထုတ်ချေးမှုအခြေအနေ၊ လုပ်ငန်းစာရင်းဇယား ဆောင်ရွက်မှုအခြေအနေ၊ အတိုးရငွေအပေါ် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ရှေ့ဆက် ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

မြစိမ်းရောင်ကြီးကြပ်မှုကော်မတီမှ ၂၀၂၁-၂၀၂၂ ဘဏ္ဌာနှစ်အတွင်း မော်လမြိုင်မြို့နယ် ကော့တွန်ကျေးရွာမှ အသင်း၀င် (၁၈၀) ဦး အားငွေ ၄၆၃၀၀၀၀၀ ကျပ်၊ စဉ့်အိုးဖိုရွာမှ အသင်း၀င် (၇၇) ဦးအားငွေ ၄၉၁၅၀၀၀၀ ကျပ်ကို ပြန်လည်ထုတ်ချေး ပေးခဲ့ကြောင်း တာ၀န်ရှိသူ တစ်ဦးထံမှ သိရသည်။

ခရိုင်ပြန်/ဆက်