ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ဘီပိုး စီပိုး (အခမဲ့) စစ်ဆေးပေး

ကျိုက်ထို မတ် ၃၀

ကျိုက်ထိုမြို့နယ်တွင် မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် အသည်းရောင် အသားဝါ ဘီပိုး၊စီပိုး အခမဲ့စ စ်ဆေးခြင်း ကို ယနေ့နံနက်ပိုင်းက  မြို့နယ်ပြည်သူ့ ဆေးရုံနှင့်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဆီမီးကိုးထောင် ဓမ္မာရုံတို့၌   စစ်ဆေး ဆောင်ရွက်ခဲ့သည်။

အဆိုပါ စစ်ဆေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာ၀န်ကြီး ဒေါက်တာ ခွန်မောင်အိုး နှင့်၀န်ထမ်းများက ဆံတော်ရှင် ကျိုက်ထီးရိုးတောင်ပေါ်နှင့် ကျိုက်ထိုမြို့နယ် အတွင်း‌ရှိ စားသောက်ဖွယ်ရာများ တည်ခင်းရောင်းချနေကြသည့် ဆိုင်များမှပြည်သူ များအား အသည်းရောင်၊ အသားဝါ  ဘီပိုး၊စီးပိုးရောဂါ ရှိ/မရှိ အခမဲ့စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

၀င်းမောင်(ကျိုက်ထို)