ပုဏ္ဏားကျွန်း မတ် ၃၀
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့၊ မွန်းလွဲ(၁) နာရီက မြို့နယ်ပညာရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
ဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ် ပညာရေးမှူး ဦးကျော်ဟန်က စိတ်ဓာတ်ကောင်းမွန်ရေးနှင့်စည်းကမ်းကောင်းမွန်ရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဆွေက အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်များရှင်သန်စေရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဌေးက အားကစားစိတ်ဓာတ် ကောင်းမွန်ရေး ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့ကြပြီး၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အခြေခံပညာ အထက်တန်းကျောင်း (ပုဏ္ဏားကျွန်း)သို့ အားကစားပစ္စည်းများ လှူဒါန်းပေးခဲ့သည်။
အဆိုပါဟောပြောပွဲသို့ အလယ်တန်းအထက်ဆင့် ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး၊ ပုဏ္ဏားကျွန်းမြို့နယ် ကမ္ဘောဇနန်းတွင်း သိုင်းပြောင်းပြန်အဖွဲ့မှ အားကစား နည်းများဖြင့် သရုပ်ပြသခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)