နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာဓမ္မရိပ်သာတွင် ထေရဝါသ ကျောင်းဆောင်တော် ဆောက်လုပ်ရန် အလှူငွေ ကျပ်သိန်း ၁၂၀ လှူဒါန်း

နောင်ချို မတ် ၃၀

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ အကယ်ဒမီ ဝိပဿနာဓမ္မရိပ်သာတွင် ထေရဝါသ ကျောင်းဆောင်တော် ဆောက်လုပ်ရန်အလှူငွေ ကျပ်သိန်း ၁၂၀ကို ယမန်နေ့က လှူဒါန်းခဲ့ကြောင်းသိရသည်။ လှူဒါန်းရာတွင် နောင်ချိုမြို့ ငွေရည်ပုလဲ ကုမ္ပဏီ အမှုဆောင်ဒါရိုက်တာ ဦးထွန်းမြင့်+ဒေါ်နန်းလှငွေ သား ကိုအောင်စိုးမိုး+ မစံသက်သက်ဝေ ၊သမီး မလီလီဟန်မြေး မနန်းအိမ်နဒီအောင် မိသားစုတို့မှ  အလှုတော်ငွေ ကျပ်သိန်း ၁၂၀ ကို လှူဒါန်းပေးခဲ့ရာ သဖန်းကိုင်းပရဟိတ ဆရာတော်မှ လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 သဖန်းကိုင်းပရဟိတ အသင်းအနေဖြင့် ဆရာတော်၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်း ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စများကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ယခုလှူဒါန်းသော ကျောင်းဆောင်တော်ဆောက်လုပ် ပြီးစီးသွားပါက သဖန်းကိုင်းပရဟိတ ဖောင်ဒေးရှင်းကို ထူထောင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ တရား စခန်းများ ဖွင့်လှစ်ခြင်း၊ ယဉ်ကျေးလိမ္မာသင်တန်းများဖွင့်လှစ်ခြင်း၊ ဓမ္မစကူးလ်ဆရာဖြစ် သင်တန်းများဖွင့်လှစ်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သဖန်းကိုင်း ပရဟိတ ဆရာတော်ထံမှ သိရသည်။

ထွေးငယ်