လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား) ၌ အလွတ်တန်း ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

ပျဉ်းမနား မတ် ၃၀

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား) ၌ အလွတ်တန်းဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဧပြီလ(၇)ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အလွတ်တန်း ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ် (၈) မြို့နယ်တို့မှ ပိုက်ကျော်ခြင်းအသင်း(၁၂)သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အသင်း (၃) သင်းလျှင်(၁) အုပ်စုဖြင့် အုပ်စု(၄)စုခွဲကာ ဧပြီလ(၇)ရက်နေ့နံနက်ပိုင်းမှစတင်ယှဉ်ပြိုင်ကာ ဧပြီလ (၉) ရက်နေ့ ညနေပိုင်းတွင် တတိယလုပွဲနှင့် ဗိုလ်လုပွဲများယှဉ်ပြိင်စေကာ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ပထမဆု (၃) သိန်းကျပ်၊ ဒုတိယဆု(၂)သိန်းကျပ်၊ တတိယဆု(၁)သိန်းကျပ်၊ အထူးဆု(၅) သောင်းကျပ်နှင့် ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားဆုများကို ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

ခန့်ဝင်းကျော်