ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့၌ တိရိစ္ဆာန်ကူးစက်ရောဂါ ကင်းရှင်းမှုစူးစမ်းထောက်လှမ်းခြင်း လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

ဟိုပုံး မတ် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ တိရိစ္ဆာန်ကူးစက် ရောဂါကင်းရှင်းမှု စူးစမ်းထောက် လှမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ကျွဲ၊ နွားမွေးမြူ ရေး၊ သုတေသန၊ မျိုးထိန်းမျိုးပွားနှင့် မျိုးဖြန့်ဖြူးရေးခြံများနှင့် အဆိုပါ ခြံများမှ (၅)ကီလိုမီတာအကွာအအဝေးအတွင်း ကျွဲ၊ နွား တီဘီရောဂါ၊ ဘရူဆဲလ်လာသားလျှော ရောဂါ၊ ခွာနာလျှာနာရောဂါနှင့် အရေပြားအကျိတ်နာရောဂါများ ကင်းရှင်းမှု အခြေအနေ အား သိရှိနိုင်ရန်ရည်ရွယ်၍  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဒေါက်တာနီနီဝင်းနှင့် ဝန်ထမ်းများက နောင်တရားမြို့ ခေါ်ပင်ကျေးရွာ၊ ခြဲဒုံကျေးရွာ၊ တောင်လွယ်တက်ကျေးရွာ၊ မြောက်လွယ် တက်ကျေးရွာ၊ နန်းပုလင်းကျေးရွာ၊ အရှေ့မြင်းမထိကျေးရွာ၊ အနောက်မြင်းမထိကျေးရွာ၊ ဆောင်ပေါင်ကျေးရွာ၊ သစ်ပင်မဲကျေးရွာ၊ ဉာဏ်ပင်ကျေးရွာရှိ ကျေးရွာ (၁၀)မှ  ကျွဲ၊ နွားအကောင် (၅၀) ကို သွေးနမူနာများရယူခဲ့ပြီး အဆိုပါ သွေးရည်ကြည်များကို ရွှေမြို့ ခွာနာလျှာနာရောဂါ ရှာဖွေရေးဓါတ်ခွဲခန်းနှင့် ရန်ကုန်တိရိစ္ဆာန်ရောဂါများ ရှာဖွေရေးဓါတ်ခွဲခန်းများသို့ပေးပို့၍ သားလျောရောဂါ၊ တီဘီရောဂါ၊ ကျွဲ၊ နွား အရေပြားအကျိတ်ရောဂါတို့ကို စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါကျွဲ၊ နွားများအား သန်ချဆေးနှင့် အားဆေးများကို အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)