မွန်ပြည်နယ် ချောင်းဆုံမြို့ပေါ်ဈေးနှင့် ကျေးရွာဈေးများတွင် နှာခေါင်းစည်း(Mask)များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများပြန်လည်ဆောင်ရွက်နေ

ချောင်းဆုံ စက်တင်ဘာ  ၁

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းကိုဗစ်-၁၉ ရောဂါကူးစက် ဖြစ်ပွားမှုမရှိစေရေး အတွက် ဈေးများ တွင် ဈေးရောင်း/ဈေးဝယ်ပြုလုပ်ရာ၌ နှာခေါင်းစည်း(Mask)များစနစ်တကျ တပ်ဆင် ကြရန်နှင့်ကိုဗစ်−၁၉ အသိပညာပေး လုပ်ငန်းများကိုချောင်းဆုံမြို့မအမှတ်(၁)စျေးနှင့် ကျေးရွာ စျေးများတွင် စက်တင်ဘာလ ၁ ရက်နေ့ နံနက်(၇) နာရီအချိန်ကမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသိုက် ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စျေးရောင်း/စျေးဝယ် ပြုလုပ်သူများအနေနှင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကျန်းမာရေး အသိပညာပေးနှိုးဆော်ချက်နှင့်အညီစနစ်တကျလိုက်နာဆောင်ရွက်ရန်၊ ဈေး အတွင်း ဈေးဝယ်ရာတွင် နှာခေါင်းစည်း (Mask)များတပ်ဆင်ကြရန်နှင့်  စျေးအတွင်း ကျန်းမာရေးနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်နေမှုအခြေအနေများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ကေအေ(ချောင်းဆုံ)