သပိတ်ကျင်း မတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့တွင် မြို့ပေါ်ရှိရပ်ကွက်များအတွင်းလိုက်လံ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများမှ မြို့ပေါ်ရှိရပ်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မိဘပြည်သူများအနေဖြင့် မလိုအပ်ပဲအပြင်မထွက်ကြရန်၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွါပါက နှာခေါင်းစည်း (Mask)များကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ မိမိတို့ နေအိမ်တွင် ပြင်ပဧည့်သည်များ လက်မခံ ရန်နှင့် မိမိကိုယ်တိုင်လည်း အခြားသူများထံသို့ သွားရောက်လည် ပတ်မှုရှောင်ကျဉ်ရန်၊ အပြင်ထွက်ပြီးတိုင်း လက်ကိုစက္ကန့် (၂၀)ကြာ ဆေးကြောရန်၊ မိမိနေထိုင်သည့်နေအိမ်တွင် လေဝင်လေထွက် ကောင်းမွန်စေရန်အတွက် ပြတင်းတံခါးများဖွင့်ထားရန်၊ နေအိမ်ရှိလူများ ရောဂါဖြစ်သည့် လက္ခဏာ များ ဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆေးစစ်ချက်ခံယူပြီး ကုသမှုခံယူရန်၊ ရောဂါကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများမှ ကိုယ်စီလိုက်နာ ကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
စိုးနိုင်ဝင်း (သပိတ်ကျင်း)