တောင်သာမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းများအား ပြည်သူများသိရှိနိုင်စေရန် ကပ်ထားကြေညာပေး

တောင်သာ စက်တင်ဘာ ၁

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် တောင်သာမြို့နယ်မှ ပါဝင်ယှဉ်ပြိုင်အရွေးချယ်ခံမည့် လွှတ် တော်အသီးသီးမှ ကိုယ်စားလှယ်လောင်းအမည်စာရင်းများကို ယမန်နေ့နံနက် (၉) နာရီအချိန်ကစတင်၍  မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး၌   ကြေညာထားကြောင်း သိရသည်။

အဆိုပါကြေညာထားချက်အရ တောင်သာမြို့နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပါဝင်ယှဉ်ပြိုင်ကြမည့်  ပါတီ (၅) ခုမှ  လွှတ်တော်ကိုယ်စားလှယ်လောင်း (၅) ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှပါဝင်ယှဉ်ပြိုင်ကြမည့်ပါတီ (၅) ခုမှ  လွှတ်တော်ကိုယ်စားလှယ်လောင်း (၅) ဦး၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) မှ ပါဝင်ယှဉ်ပြိုင်ကြမည့်ပါတီ (၅) ခုမှ  လွှတ်တော်ကိုယ်စားလှယ်လောင်း (၅) ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒ နယ်အမှတ် (၂) မှ ပါဝင်ယှဉ်ပြိုင်ကြမည့်  ပါတီ (၅) ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း (၅) ဦးတို့က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့်  အထွေထွေရွေးကောက်ပွဲတွင်  တောင်သာမြို့နယ်မှ   ပါဝင် ယှဉ်ပြိုင်အရွေးချယ်ခံကြမည်ဖြစ်ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)