ချောင်းဆုံ စက်တင်ဘာ ၁
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မုရစ်ကလေးကျေးရွာ၌ ယမန်နေ့ နံနက်(၁၀;၃၀)နာရီက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈) ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အိမ်တိုင်ရာရောက် တစ်အိမ် တက်ဆင်း ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (ပြန်/ဆက်) ဦးစီးမှူး ဒေါ်မိသူဇာ၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများက မဲဆန္ဒရှင် စာရင်း များပြည့်စုံ မှန်ကန်စေရေး အတွက် တိုက်ဆိုင်စစ်ဆေးရာတွင် မဲစာရင်းပါ အချက် အလက်များပြည့်စုံ မှန်ကန်စေရေး၊ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် များအားလုံး မဲစာရင်းတွင် အမည် စာရင်းပါရှိရေးနှင့် မပါဝင်သင့်သူများ ပါဝင်မှုမရှိစေရေးတို့အတွက် ကွင်းဆင်းတိုက်ဆိုင် စစ်ဆေး ခဲ့ကြောင်းနှင့် အဆိုပါကွင်း ဆင်းစစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်ရှိ ရပ်ကွက်ကျေးရွာ (၄၆) အုပ်စု၌ ဩဂုတ် (၂၅)ရက်နေ့က စတင်ပြီး မဲဆန္ဒရှင်စာရင်း ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်များက အဖွဲ့အလိုက် တာဝန်ကျရာ ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)