ကွန်ပျူတာတက္ကသိုလ် (ပင်လုံ) ၏ ဒသမအကြိမ်မြောက် ဘွဲ့နှင်းသဘင် ကျင်းပ

လွိုင်လင် မတ် ၃၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကွန်ပျူတာတက္ကသိုလ်(ပင်လုံ) ၏ဒသမအကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို   မတ်လ ၃၀ ရက်၊ နံနက် (၉) နာရီက အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က မြန်မာနိုင်ငံအတွင်းရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များအသီးသီးမှ ဘွဲ့ယူကြမည့် မောင်မယ် များအား အွန်လိုင်းမှတစ်ဆင့် ဗီဒီယိုကလစ်ဖြင့် နေပြည်တော်မှ ဂုဏ်ပြုမိန့်ခွန်းပြောကြားသည်။ ယင်းနောက် ကွန်ပျူတာ တက္ကသိုလ် (ပင်လုံ) တွင် ဘွဲ့နှင်းသဘင် ဆင်ယင်ကျင်းပသည့် အခမ်းအနား အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပသည်။

ကွန်ပျူတာတက္ကသိုလ် (ပင်လုံ) တွင် ဘွဲ့ယူမောင်မယ် ၉  ဦး တက်ရောက်ကြပြီး  ဘွဲ့နှင်းသဘင်အခမ်းအနားသို့ ကွန်ပျူတာ တက္ကသိုလ် (ပင်လုံ) မှ တာဝန်ခံပါ‌မောက္ခချုပ် ဒေါက်တာမြင့်မြင့်ခိုင်နှင့် ဆရာ / ဆရာမများ၊ ဘွဲ့ယူမောင်မယ်များနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ တက်ရောက်ကြကြောင်း သိရသည်။

လွိုင်လင်မိုး