မိုင်းစံ စက်တင်ဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းစံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်/ အထွက် ကျန်းမာရေး စစ်ဆေးရေးဂိတ်အား ကာလိ၊ မိုင်းရှူး၊ မိုင်းနောင် သွားလမ်းဆုံ၌ ယနေ့တွင် ပြန်လည် ဖွင့်လှစ် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဖွင့်လှစ်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖြတ်သန်း သွားလာလျက်ရှိသော ခရီးသွားပြည်သူများ အားကိုယ် အပူချိန် တိုင်းတာခြင်း ၊ကျန်းမာရေး စစ်ဆေးပေးခြင်း နှင့် အပြင်ထွက်တိုင်း mask တပ်ဆင်ကြရန် စသည့်တို့နှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ အသိ ပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်ချို (ပြန်/ဆက်)