ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားခြင်း ရှိ/မရှိ စစ်ဆေး

ဟိုပုံး မတ် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာ ကွယ်‌ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၇ နာရီအချိန်မှစတင်၍  တာဝန်ရှိသူများက  အောင်သပြေဂိတ်၊ လုံးတန်ဂိတ်နှင့် အလင်းပွင့်ဓာတ်ဆီဆိုင်‌ရှေ့တို့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ၊ လူမှု‌ရေးအသင်းအဖွဲ့များ ပူး‌ပေါင်း၍ ဟိုပုံးမြို့နယ်အတွင်းနေထိုင်ကြသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံထားခြင်းရှိ/မရှိ မြို့နယ်ဝင်/မြို့ထွက်များတွင် စစ်ဆေး၍ နေအိမ်ပြင်ပထွက်ခွာလာပါက ကိုဗစ်-၁၉ ‌ရောဂါကာကွယ်ဆေးထိုးနှံပြီးကြောင်း ဆေးထိုးမှတ်တမ်းကိုတစ်ပါတည်း ယူဆောင်လာကြပါရန်နှင့် ဆေးထိုးမှတ်တမ်းပြသနိုင်ခြင်းမရှိသည့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)