ကျောက်ဖြူခရိုင် Community Centre သို့ အားကစားဆိုင်ရာ ပစ္စည်းများ ထောက်ပံ့လှူဒါန်း

ကျောက်ဖြူ မတ် ၃၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre သို့ နွေရာသီကျောင်းပိတ်ရက်ရှည်နေ့များတွင် လာရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်လေးများအား ကျန်းမာ‌ရေး လေ့ကျင့်ခန်းများ ပြုလုပ်နိုင်စေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းက အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများမှ အားကစားဆိုင်ရာ ပစ္စည်းများအား လာရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ကျောက်ဖြူခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝေနှင့် ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre သို့ အားကစားဆိုင်ရာ ပစ္စည်းများဖြစ်သည့် ပိုက်ကျော်ခြင်းပိုက်၊ ခြင်းလုံး၊ ကြက်တောက်ရိုက်ဘက်တံနှင့် ကြက်တောင် နှစ်စုံတို့အား လာရောက် ထောက်ပံ့လှူဒါန်းရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းနှင့် ဝန်ထမ်းများက လက်ခံရယူခဲ့ကြပြီး ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားခဲ့သည်။

ကျောက်ဖြူခရိုင် အားကစားနှင့်ကာယပညာ ဦးစီးဌာနအနေဖြင့် ယင်းသို့လှူဒါန်းခြင်းကို အခြေခံပညာ ကျောင်းများဖြစ်သည့် အထက(၁)၊ အထက(၂)၊ အထက(၃) စသည့် ကျောင်းများတွင်လည်း အားကစားဆိုင်ရာ ပစ္စည်းများကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း