တွံတေး မတ် ၂၉
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၂ ခုနှစ် နွေရာသီအခြေခံ ဘောလုံးသင်တန်းကို အုန်းပင်စု ရပ်ကွက်၊ မြို့မဘောလုံးကွင်းတွင် မတ်လ ၁၀ ရက်ညနေ (၃) နာရီမှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ဘောလုံးအားကစားကို ဝါသနာပါသူ သင်တန်းသားများ စိတ်ပါဝင်စားစွာ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
တွံတေးမြို့နယ်ရှိ ဘောလုံးပညာရှင်များ၊ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာစေရေး၊ မျိုးဆက်သစ် အားကစားသမားကောင်းများ စဉ်ဆက်မပြတ်ပေါ်ထွန်းရေး၊ မြို့နယ်/ ခရိုင်/ တိုင်းကိုယ်စားပြု အားကစားသမားများမှတဆင့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် နိုင်ငံတော်၏ အားကစားမြှင့်တင်ခြင်း လုပ်ငန်းများကို တစ်ဘက် တစ်လမ်းမှ အထောက်အကူ ပြုနိုင်စေရန်တို့ကိုရည်ရွယ်၍ နွေရာသီအခြေခံ ဘောလုံးသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပြီး နေ့စဉ်သတ်မှတ်ချိန်အလိုက် စနစ်တကျ သင်ကြားပို့ချပေးနေပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမ ဘောလုံးနည်းပြ များ၊ တွံတေးမြို့မှ မွေးထုတ်ပေးခဲ့သော နိုင်ငံလက်ရွေးစင် ဘောလုံးသမားဟောင်းနှင့် ကလပ်လက်ရွေးစင်များက မျိုးဆက်သစ် လူငယ်များအားသင်ကြား ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ သင်တန်းသို့ မျိုးဆက်သစ်လူငယ်( ၃၀) ဦးတက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
တွံတေးသား