မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရန်အတွက် ကွင်းဆင်း ဆောင်ရွက်

မိုင်းပန်  မတ်၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာ၀န် ရှိသူများ၊ ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံ လက်မှတ်ရှိ/မရှိ စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို မြို့ပေါ်ရပ်ကွက်အတွင်းသာမက ကျေးရွာများအထိပါ လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ထိုးနှံပြီး/ မပြီးနှင့် ဆေးထိုး ပြီးကြောင်းသက်သေခံလက်မှတ်များရှိ/မရှိ စစ်ဆေးခဲ့ပြီး ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံရသေးသည့် ပြည်သူများအား ချက်ခြင်းထိုးနှံပေးခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာ၌ ထိုးနှံရမည့်သူများ မကျန်ရှိစေရေး၊ ကာကွယ်ဆေးများ ရာနှုန်းပြည့် ထိုးနှံနိုင်ရေးတို့အား ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရသည်။

မိုင်းပန် (ပြန်/ဆက်)