ကျောက်ဆည် မတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၂ ခုနှစ် မတ်လ(၃၁)ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား/ကျောင်းသူ (၁၉၁၇) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ကျောက်ဆည်မြို့၌ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများကို စာဖြေဌာန(၅)ခုသတ်မှတ်ထားပြီး စာဖြေကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး ဆောင်ရွက်ထားရှိပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာနတွင် (၆၃၈)ဦး၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းစာဖြေဌာနတွင် (၄၁၅)ဦး၊ အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်း စာဖြေဌာနတွင်(၅၃၉)ဦး၊ မင်းစုအခြေခံပညာအထက်တန်းကျောင်း စာဖြေဌာနတွင် (၁၃၆)ဦး၊ သံရွာအခြေခံပညာ အထက်တန်းကျောင်း စာဖြေဌာနတွင်(၁၈၉)ဦး စုစုပေါင်း(၁၉၁၇)ဦး ဖြေဆိုမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်