မိုင်းယန်း မတ် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၊ ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ ထေရဝါဒဗုဒ္ဓ သာသနာပြုကျောင်း ကျောင်းဆောင်သစ် ရေစက်ချပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပကြောင်း သိရသည်။
အဆိုပါ ကျောင်းဆောင်သစ်သည် အလှူရှင်များဖြစ်သည့် ရန်ကုန်မြို့မှ ဦးစောနိုင် + ဒေါ်မြင့်ရီ မိသားစု၊ ဦးချမ်းမြေ့စော + ဒေါ်အားဂူး သမီးယွန်းရွှေရည်၊ သားမောင်ကောင်းခန့်သူ မိသားစုနှင့် မိုင်းယန်းမြို့မှ ဦးအိုက်လာ + ဒေါ်အားမိုင် မိသားစုတို့မှ စုပေါင်းလှူဒါန်းငွေကျပ်(၅၅၀)သိန်းဖြင့် ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ရေစက်ချပွဲတွင် တက်ရောက်လာသော မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းအလှူရှင်များ တို့က ဩကာသကန်တော့ကျိုးဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး ထေရဝါဒဗုဒ္ဓ သာသနာပြုကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနန္ဒဇေထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ကျောင်းထိုင်ဆရာတော်မှ အနုမောဒန တရားတော် မြွက်ကြားချီးမြှင့်ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး