မိုင်းယန်း မတ် ၂၉
ကိုဗစ်-၁၉ ရောဂါ မျိုးရိုးသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ ပြည်သူများ သတိပြုရမည့် အချက်များကို သိရှိလိုက်နာစေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ နယ်စပ်ဒေသမိုင်းယန်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ယနေ့နံနက်ပိုင်းက ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အသိပေး နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါပိုး ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် လူစုလူဝေးမှ ရှောင်ရှားခြင်း၊ မလိုအပ်ဘဲ မသွားလာခြင်း၊ ပြင်ပထွက်တိုက် နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ခြင်း၊ လက်ကိုမကြာခဏ စနစ်တကျ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း စသည်တို့ကို မမေ့မလျော့ သတိပြု၍ ဆောင်ရွက်ကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အခြေခံ စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာကြပါရန် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး