တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ​ရှေးဉီးသူနာ ပြုစုနည်း သင်တန်းဖွင့်လှစ်

တိုက်ကြီး မတ် ၂

 ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာန၊ အခြေခံပညာဉီးစီးဌာန နှင့် တိုက်ကြီးမြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် ရှေးဉီးသူနာပြုစုနည်းသင်တန်းကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲက စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 ရှေးဉီးသူနာပြုစုခြင်းသင်တန်းတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီး အရာရှိ (တာဝန်ပေး) ဒေါ်စန်းကလျာခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မှ မြို့နယ်တပ်ဖွဲ့မှူး ဉီးဇော်ထွန်းက သင်တန်းတွင်ပို့ချပေးမည့် ခေါင်းစဉ်များအလိုက် ဆွေးနွေးပေးသည်။ ဆက်လက်ပြီး ဒုတိယတပ်ခွဲမှူး ဒေါ်ခင်မေဉီး က ထိခိုက်ဒဏ်ရာအမျိုးမျိုးနှင့် ရှေးဉီးသူနာ ပြုစုနည်းများ၊ တပ်ခွဲမှူး ဒေါ်နိုင်နိုင်မော်က မြွေကိုက်လူနာ ​ရှေးဉီးသူနာပြုစုနည်းများ နှင့် ရုံးအဖွဲ့မှူး ဉီးသန်းဇော်မိုးက လူ့ကိုယ်ခန္ဓာဖွဲ့စည်းမှု အစိတ်အပိုင်းများ၊ သွေးဆုတ်သွေးလန့်ပြုစုခြင်း၊ သွေးယိုစီးခြင်းလက္ခဏာရပ်များနှင့် ပြုစုနည်း များကို အသီးသီးသင်ကြား ဆွေးနွေး ပေးသည်။

 အဆိုပါသင်တန်းသို့ မြို့မအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ  ( ၁၆)ဉီးတို့က စိတ်ပါဝင်စားစွာ တက်ရောက်ကြပြီး သင်တန်းကာလမှာ  ၂ ရက်တာ စာတွေ့ လက်တွေ့ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင်