တောင်ဥက္ကလာပမြို့နယ် ရည်ညွှန်းစာကြည့်တိုက်သို့ စာအုပ်များလာရောက်လှူဒါန်း

တောင်ဥက္ကလာပ   မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရည်ညွှန်းစာကြည့်တိုက်တွင် အများပြည်သူစာပေ ဗဟုသုတ ဖတ်ရှုလေ့လာနိုင်ရန်အတွက် သုတ၊ ရသစာအုပ်များ လှူဒါန်းခြင်းကို ယမန်နေ့နံနက်(၁၁:၀၀)နာရီအချိန်က အဆိုပါ ရည်ညွှန်း စာကြည့်တိုက်သို့ လာရောက်လှူဒါန်းကြောင်း သိရသည်။

စာအုပ်လှူဒါန်းမှုတွင် အမှတ်(၈)ရပ်ကွက် သစ္စာဥယျာဉ် အိမ်ယာနေ ဒေါ်ခင်မြမွန်မိသားစုမှ အများပြည်သူစာပေဗဟုသုတ ပိုမိုလေ့လာ ဖတ်ရှုနိုင်ရန်အတွက် တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်း ရည်းညွှန်းစာကြည့်တိုက်သို သုတ၊ရသစာအုပ်စုစုပေါင်း (၁ဂ၀)အုပ်ကို လာရောက် လှူဒါန်းရာ တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းနာယက ပန်းချီဆရာကြီး ဦးစိုးမြင့်ဒွဏ်းနှင့် စာကြည့်တိုက် ကော်မတီအတွင်း ရေးမှူးဆရာမောင်ယဉ်ဝေတို့မှ လက်ခံခဲ့ပြီး ယခုလှူဒါန်းမှုမှာ ဒုတိယအကြိမ်မြောက် လာရောက်လှူဒါန်းခဲ့ကြောင်း သိရပါသည်။

ခင်ဆွေနှင်း