မိုင်းယောင်း မတ် ၂၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်နှင့် ဂျီအီးစီ ပညာရေးဝန်ထမ်း သမဝါယမအသင်းလီမိတက်တို့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ (MiNi) ဘာဏ္ဍာရေးနှစ် စုစုပေါင်း (၁၈) လစာ အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူနှင့် သမဝါယမ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သန်းတင့်တို့က အမှာစကား ပြောကြားကြသည်။
ထို့နောက် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်အတွင်းရေးမှူး စိုက်ပျိုး ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး နှင့် အသင်း၏ အမှုဆောင်အဖွဲ့ဝင် မြို့နယ်ဥပဒေအရာရှိ ဦးအောင်ဆန်းဦးတို့က အသင်း၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ (MiNi) ဘာဏ္ဍာရေးနှစ် စုစုပေါင်း (၁၈)လစာအတွက် ဘဏ္ဍာရေးရှင်းတမ်းနှင့် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာအား အသီးသီးဖတ်ကြား တင်ပြကြ သည်။
ယင်းနောက် ဂျီအီးစီ ပညာရေးဝန်ထမ်း သမဝါယမအသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ (MiNi) ဘာဏ္ဍာရေးနှစ် စုစုပေါင်း (၁၈)လစာအတွက် ဘဏ္ဍာရေးရှင်းတမ်းနှင့် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာအား အသင်း၏ အမှုဆောင်အဖွဲ့ဝင် မြို့နယ် ပညာရေးမှူးရုံးမှ ရုံးအုပ်ဦးမျိုးမင်းနှင့် တာဝန်ရှိသူတို့က အသီးသီးဖတ်ကြား တင်ပြကြသည်။
ထို့နောက် စုဆောင်းငွေပေါ်အတိုးနှင့် ထောက်ပံ့ကြေးများကို အသင်းသူ၊ အသင်းသားများအား သက်ဆိုင်ရာအသင်းမှ တာဝန်ရှိသူများက အသီးသီးထုတ်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း