လှိုင်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနဖြစ်သည့် အ.ထ.က(၁ )ကျောင်းတွင် စစ်ဆေးခြင်းများဆောင်ရွက်

လှိုင် မတ်၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနဖြစ်သည့် အ.ထ.က (၁)ကျောင်းအား  စစ်ဆေးခြင်းများကို ယနေ့နေ့လယ် ၁၁:၀၀နာရီအချိန်က လှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဟန်၀င်းလတ်နှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၂၂ခုနှစ်၊ တက္ကသိုလ်၀င် စာမေးပွဲကျင်းပမည့် ကျောင်းဆောင်များရှိ စာဖြေခန်းများ၊ စာဖြေ ခုံများ ပြင်ဆင်ထားရှိမှုနှင့် ကျောင်းသား/သူများ လုံခြုံစိတ်ချစွာဖြေဆိုနိုင်စေရေး၊ လျှစ်စစ်ဝါယာကြိုးများကြံ့ခိုင်မှု ရှိ/မရှိ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကျော်ရဲအောင်