ကွတ်ခိုင် မတ်၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ ဦးဆောင်၍ စစ်မှုထမ်းဟောင်အဖွဲ့တွင် ကွယ်လွန်သွားပြီးခဲ့သော စစ်မှုထမ်းဟောင်း (၂၂)ဦးတို့အား ရည်စူး၍ နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းနှင့် ရေစက်ချတရားနာခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်စစ်မှုထမ်းဟောင်းရုံးတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မဟာစည်ကျောင်းတိုက်ဆရာတော်ထံမှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ နာယူကြသည်။ ဆက်လက်၍ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းမှ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်း၍ မဟာစည်ဆရာတော်ထံမှ အနုမောဒနာ တရားနာယူကြပြီး ကွယ်လွန်သွားခဲ့သောစစ်မှုထမ်း ဟောင်း(၂၂)ဦးတို့အားရည်စူး၍ ရေစက်သွန်း ချအမျှအတန်းပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဌေးဌေး(ကွတ်ခိုင်)