လားရှိုး မတ် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယနေ့ မွန်းလွဲ (၁)နာရီအချိန် က စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ (၄-၃-၂၀၂၂)ရက်နေ့ ရတနာပုံသတင်းစာတွင် ဖော်ပြထားသော ဆောင်းပါးရှင် ဇော်လေး ရေးသားထားသည့် ‘ကံကောင်းခြင်းကို သင်ဖန်တီးနိုင်’ ဆောင်းပါးအား စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန် က စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပေးခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာကြသော မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင် ဒေါ်ခင်သန်းနွဲ့ (မမ-လားရှိုး)၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးညွှန့်ဝေ (ကောင်းညွှန့်ဝေ-ရေစကြို)၊ စာပေဝါသနာရှင်များနှင့် စာပေချစ်မြတ်နိုးသူများ အဖွဲ့မှ ‘ကံကောင်းခြင်းကို သင်ဖန်တီးနိုင်’ ဆောင်းပါးပါ ‘ခေါင်းထဲမှာ ရေခဲစက်ရုံတည်ပါ’ ‘လျှာပေါ်မှာသကြားစက်ရုံတည်ပါ’ ‘နှလုံးသားမှာ မေတ္တာစက်ရုံတည်ပါ’ ‘ကံကောင်းချင်ရင်’ စသည့်အကြောင်းအရာများကို တစ်ဦးချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး