ရန်ကုန် မတ် ၂၈
ကြက်ခြေနီအသင်း၏လုပ်ငန်းစဉ်(၃)ရပ် အကောင်ထည်ဖော်နိုင်ရေး၊ နိုင်ငံတော်အတွင်းဖြစ်ပေါ်လျက်ရှိသော သဘာဝဘေးအန္တရာယ်များနှင့် အရေးပေါ်အခြေအနေများဖြစ်ပေါ်လာချိန်တွင် စနစ်တကျ ကူညီဆောင်ရွက်ပေးရန်၊ ရှေးဦးပြုစုခြင်းစွမ်းရည်များနှင့် ကြက်ခြေနီအဖွဲ့ဝင်စေတနာ လုပ်အားရှင်အင်အား တိုးပွားလာစေရန် ရည်ရွယ်၍ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ တပ်ဖွဲ့မှ ကြီးမှုး၍ ရှေဦးပြုစုခြင်း(အခြေခံ) သင်တန်း၁/၂၀၂၂ကို အမှတ်(၈)ရပ်ကွက် ပြည်ရိပ်မွန်အိမ်ရာ၊ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်း၌ ၂၄-၃-၂၀၂၂ရက်နေ့မှ၂၇-၃-၂၀၂၂ရက်နေ့ထိ သင်ကြားပေးခဲ့ပါသည်။
အဆိုပါသင်တန်းဆင်းပွဲကို ယမန့်နေ့ညနေ(၄)နာရီက အဆိုပါသင်တန်းခန်းမ၌ ကျင်းပရာ သင်တန်းဆင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်ကြီးကြပ်မှု ကော်မတီဝင်များ၊ ခရိုင်ကြီးကြပ်တပ်ဖွဲမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တတ်ရောက် ခဲ့ကြပါသည်။
ထို့နောက်တာဝန်ရှိသူများမှ သင်တန်းတွင် ထူးချွန်ကြသည့် သင်တန်းသားသင်တန်းသူများအား ဂုဏ်ပြုလက်မှတ်နှင့် ဆုများချီးမြှင့်ပေးခဲ့ပါသည်။
အဆိုပါသင်တန်းတွင် မြို့နယ်တွင်းရှိ အခြေခံကျောင်းများမှ ကျောင်းသားကျောင်းသူများနှင့် ရပ်ကွက်တွင်းရှိ စိတ်ပါဝင်စားသူ(၃၀)ဦးဖြင့် စာတွေ့လက်တွေ့သင်ကြားပြီး ကိုဗစ်စည်းကမ်း များနှင့်အညီ သင်ကြားပေးလျက်ရှိကြောင်း သိရပါသည်။
သင်တန်းတွင် ကြက်ခြေနီရှေးဦးသူနာပြုအခြေခံနှင့် လူနာများအား ထမ်းစဉ်နှင့် ထမ်းစဉ်မဲ့ သယ်ယူပေးခြင်း သင်ခန်းစာများကိုပါ သင်ကြားပေးခဲ့ကြောင်း သိရှိရပါသည်။
စိမ်းလဲ့