ငါ့သရောက် မတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ၏ ကျန်းမာရေးနှင့်လုံခြုံရေးစွာ ဖြေဆိုနိုင်ရေးတို့အတွက် ဌာနဆိုင်ရာများစုပေါင်း၍ ဆွေးနွေးခဲ့ကြောင်း သိရ သည်။
ထိုဆွေးနွေးပွဲကို ငါ့သရောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမတွင် မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းဦးစီးပြီး မတ်လ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ပြုလုပ်ခဲ့ပြီး ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများတက်ရောက်ကာ မတ်လ ၃၁ ရက်နေ့မှစ၍ စတင်ဖြေဆိုမည့်တက္ကသိုလ်ဝင် စာမေးပွဲအတွက် ကျောင်းသား ကျောင်းသူများ၏ ကျန်းမာရေး၊ လုံခြုံရေးနှင့် အေးချမ်းပျော်ရွှင်စွာဖြေဆိုနိုင်ရေးအတွက် ဌာနဆိုင်ရာများမှဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အတူပူးပေါင်းပါဝင် ကူညီ ပေးကြရန်၊ ပညာရေးဌာနမှ ဝန်ထမ်းများကလည်း စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်း သူများ၏ လိုအပ်ချက်များကို ကြိုတင်ပြင်ဆင်ထားရန် အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)