ချောင်းဆုံ မတ် ၂၈
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီ ဖြစ်သဖြင့် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးလွင်မင်းပိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကညှော်ကျေးရွာရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
မီးဘေးအန္တရာယ်လုံခြုံရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအနေဲ့ ဆောင်ရွက်ထားရမည့် အချက်များနှင့် ဆီလှောင်ကန်များထားရှိရာတွင်စနစ် တကျထားရှိရန်၊ မီးချိတ်၊ မီးကတ်၊ သဲပုံးနှင့် ရေပုံးများထားရှိမှုအခြေအနေ၊ ရုတ်တရတ် မီးဘေးအန္တရာယ် ကြုံတွေ့ရပါက ဝန်ထမ်းများအနေနဲ့ အလွယ်တကူ မီးငြှိမ်းသတ်နိုင်ရန်အတွက် မီးသတ်ဆေးဘူးများ ထားရှိရမည့် နည်းလမ်းများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)