လင်းခေးတွင် ဆေးဆိုင်လုပ်ငန်းလိုင်စင်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

လင်းခေး မတ် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အတွင်း ဆေးဝါးပစ္စည်းများ ရောင်းချရေး လုပ်ငန်းလိုင်စင် လျှောက်ထားသူများအား ဆေးဆိုင်လုပ်ငန်း လိုင်စင်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက ခရိုင်ကျန်းမာရေးဦးစီးဌာရှိ(လေးထပ်ဆောင်) အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်ကုသရေးဦးစီးဌာနမှူး‌ ဒေါက်တာ မောင်မောင်သန်းက ဆေးဆိုင် လိုင်စင်ဆိုင်ရာစည်း ကမ်းချက်များနှင့် အဆိုပါပစ္စည်းများ ရောင်းချရာတွင်လုပ် ငန်းရှင်များအနေဖြင့်မဖြစ်မနေ လိုက်နာဆောင်ရွက် သွားသင့်သည့် ဆေးပစ္စည်းများအား သိုလှောင်နည်း၊ ရောင်းချရန်မသင့်သော ဆေးအမျိုးအစားများ သိကောင်းစရာများနှင့် ဆေးဆိုင်လိုင်စင် သက်တမ်းတိုးဆောင်ရွက်သွားခြင်းဆိုင်ရာများနှင့် ဆေးဆိုင်တစ်ဆိုင်၌ ဆေးများအား စနစ်တကျ သိုလှောင်ထိန်းသိမ်းကာ အများပြည်သူ တို့အတွက် ဘေးအန္တရာယ်ကင်းရှင်း နိုင်စေရေးတို့အား ရှေ့ရှုလျက် မိမိတို့မြို့နယ်အတွင်း ရောင်းချသွားနိုင်ရေးစသည့်အချက်အလက်များနှင့် လုပ်ငန်းရှင်များအား    ၎င်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်‌‌ရေးနှင့်သက်ဆိုင်သော သင်တန်းများကို  မြို့နယ်အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ရေးကော်မတီမှ အခါအားလျော်စွာ စီစဉ်ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပါကြောင်းတို့ကို ရှင်းလင်းအသိပညာပေးဟောပြောပေးခဲ့ပါသည်။

ယင်းနောက် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူတို့က ဆေးဆိုင် လိုင်စင် ရရှိကြသူများ တစ်ဦးချင်းအလိုက်ထံ ဆေးဆိုင် လိုင်စင်များ အသီးသီးပေးအပ်ခဲ့ကြပါသည်။ ထို့နောက် ၎င်းလိုင်စင်ရရှိခဲ့ကြသူများ၏ ကိုယ်စား ဒေါ်နန်းခမ်းမိုခေါင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

စိုင်းဇော်လတ်