လဲချား စက်တင်ဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို ယမန်နေ့မှစတင်ကာ အများပြည်သူများ သိရှိနိုင်စေရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲရှေ့ ကြေငြာသင်ပုန်းတွင် ကပ်ထားကြေညာခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလတွင်ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင် အရွေးခံမည့် ပါတီပေါင်း (၆)ပါတီမှ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)မှ (၆)ဦး၊ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်(၂)မှ (၆)ဦး၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ(၅)ဦး၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်မှ (၇)ဦး စုစုပေါင်း (၂၄)ဦးသည် မဲဆန္ဒနယ်မြေအလိုက် လွှတ်တော်အသီးသီး၌ ဝင်ရောက် အရွေးခံမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ်အသီးသီး၏ အမည်စာရင်းများကို ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင်လည်း ကြေညာ ကပ်ထားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
လွှမ်းသူနောင်(ပြန်/ဆက်)