ကြည့်မြင်တိုင် စက်တင်ဘာ ၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးခြင်း နှိုးဆော်ချက်များအား မြို့နယ်အတွင်းရှိ ရပ်ကွက်များ အတွင်းတွင် လှည့်လည်ကြေညာပေးခြင်းများကို မြို့နယ် အုပ်ချုပ်ရေးမှူး ကြီးကြပ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များမှ လှည့်လည်ကြေညာပေးခြင်းများကို ဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ကြေညာရာတွင် ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ပြည်သူများအားလုံး ပြင်ပထွက်ခွာရာ တွင် Mask များ တပ်ဆင်သွားလာကြရန်၊ လူစုလူဝေးနေရာများကို မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ ပြည်ပမှ ဝင်ရောက် လာသူများနှင့် ရခိုင်ပြည်နယ်အတွင်းမှ ဝင်ရောက်လာသူများ ရှိပါကလည်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ကြရန်၊ စျေးများနှင့် စားသောက်ဆိုင်များအားလုံး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် ဒေသန္တရအမိန့်များ ကို မလိုက်နာပါက တည်ဆဲ ဥပဒေများဖြင့် အရေးယူခံရမည်ဖြစ်ကြောင်းကို Hand Speaker များဖြင့် ပြည်သူ အများ သိရှိနိုင်ရန်အတွက် ကြေညာ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)