မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို Mobile စနစ်ဖြင့် ဆောင်ရွက်ပေး

ရန်ကုန် မတ် ၂၈

 ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ် နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသူများအား ရပ်ကွက်များအတွင်း Mobile စနစ်ဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက စတင်၍ သပြေကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 ထိုသို့ Mobile စနစ်ဖြင့် ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမျှ မထိုးနှံရ သေးသူများအား Covidshield ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ရာ သပြေကုန်းရပ်ကွက်နှင့် ရေတွင်းကုန်းရပ်ကွက်တို့မှ ပြည်သူ (၉၉) ဦး လာရောက် ထိုးနှံခဲ့ကြောင်း သိရသည်။ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးဌာနမှူး ဒေါက်တာဥမ္မာမြင့်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လိုအပ်သည် များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ကျော်သူဟိန်း