စမ်းချောင်းမြို့နယ် စမ်းချောင်းမြောက်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အတွက် အသိပညာပေး လှည့်လည်နှိုးဆော်

စမ်းချောင်း စက်တင်ဘာ ၁

လတ်တလောဖြစ်ပွားနေသည့် ကူးစက်မြန် ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ရန် အတွက် ရပ်ကွက်အတွင်း လှည့်လည်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့နံနက်ပိုင်းက စမ်းချောင်းမြို့နယ် စမ်းချောင်း/မြောက်ရပ်ကွက်အတွင်း ဆောင်ရွက် ခဲ့သည်။

အသိပညာပေးနှိုးဆော်ရာတွင် လတ်တလောဖြစ်ပွားနေသည့် ကူးစက်မြန်ကိုဗစ်-၁၉ရောဂါ အန္တရာယ်မှ ကင်းဝေးစေရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာကြရန်၊ လူစုလူဝေးရှောင်ကြဉ်ကြရန်၊ မဖြစ်မနေ ပြင်ပသို့ ထွက်ခွာသွားလာရပါက နှာခေါင်းစည်း(mask)များ စနစ်တကျ တပ်ဆင် သွားလာကြရန်၊ လက်ကို မကြာခဏ ဆပ်ပြာဖြင့် စနစ်တကျဆေးကြောရန် စသည်တို့ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရပ်ကွက်အတွင်း အသိပညာပေး လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။

မြမြစန်း ပြန်/ဆက်