ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

ကျောက်မဲ မတ် ၂၇

(၇၇) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က  တပ်မတော်နေ့အကြောင်း သိကောင်းစရာများ အသိပညာ ပေး  Talk Show ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်မဲခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နှင်းရည်က Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး  ကျောက်မဲမြို့နယ် စာပေချစ်မြတ်နိုးသူအသင်းမှ ဒေါ်ညိုညိုစိန်က  မြန်မာ့တပ်မတော် စတင်တည်ဖွဲ့စည်းခြင်းနှင့် အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းများ၊ မြန်မာ့တပ်မတော်မှ မြန်မာနိုင်ငံလွတ်လပ်ရေးရယူရာတွင် ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများ၊  တိုင်းကျိုးပြည်ပြုဆောင်ရွက်မှုများနှင့် (၇၇) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များအစရှိသည့် တပ်မတော်နေ့ အကြောင်း သိကောင်းစရာတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဌာနဆိုင်ရာများ၊ တတ်သိပညာရှင်များနှင့် ချိတ်ဆက်၍ အသိပညာ ပေး Talk Show များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းနှင့်  အဆိုပါဆွေးနွေးချက် ရုပ်သံအပြည့်အစုံတို့ကို ကျောက်မဲခရိုင် ပြည်သူ့စာကြည့်တိုက် Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

မိုင်းထွန်း (ပြန်/ဆက်)