သံဖြူဇရပ် မတ် ၂၇
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့်၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့စည်ပင်သာယာမြို့မစျေး ပင်မစျေးရုံအဆောက်အဦးသစ်ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါပင်မစျေးရုံအဆောက် အဦးရှေ့တွင်ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်မိုးလွင်နှင့်ဌာနဆိုင်ရာများ၊ ကျိုက္ခမီမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများ၊ စျေးသူစျေးသားများ တက်ရောက်အားပေးသည်။ ပင်မစျေးရုံသစ်အား မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်မိုးလွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးယု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်သန်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ကျိုက္ခမီမြို့ ပင်မစျေးရုံသစ်အား၊ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် မီနီဘတ်ဂျက်ခွင့်ပြုငွေကျပ် (၂၄၆၈)သိန်းဖြင့် မဏိဩဏ(မွန်)ကုမ္ပဏီမှ တင်ဒါစနစ်ဖြင့်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး၊ အဆောက်အဦးမှာ(၈၂×၆၈×၁၃)ပေ နှစ်ဆောင်နှင့်ဆိုင်ခန်း(၁၁၂)ခန်းပါရှိကြောင်းသိရသည်။
ဆက်လက်၍ (၇၇)နှစ်မြောက် တပ်မတော်နေ့အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုက္ခမီမြို့၊အောင်သုခရပ်ကွက်၊ကျားဆိပ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကိုလည်းယနေ့နံနက် ၁၀ နာရီ တွင် ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများတက်ရောက်သည်။ အဆိုပါကွန်ကရစ်လမ်းမှာ လမ်းအရှည်(၁၁၇၀)ပေ၊ အကျယ် ၁၈ ပေ ဖြစ်ပြီး စည်ပင်သာယာရေးအဖွဲ့၏ခွင့်ပြုငွေ ကျပ်(၅၉)သန်းဖြင့်Royal Golden Thazin ကုမ္ပဏီမှ တင်ဒါစနစ်ဖြင့်ဆေင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အေးအေးမွန် (ပြန်/ဆက်)