မိုးနဲ မတ် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ဆောင်းသီးနှံ ခရမ်းချဉ်သီး စိုက်ခင်းများ နောင်ကျော့ရပ်ကွက်နေ ဦးအောင်ငွေ၏ ယာခင်းအတွင်း စိုက်ပျိုးထားရာ စိမ်းစိုလျက်ရှိပြီး အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်းသိရသည်။
အဆိုပါ ဆောင်းသီးနှံ ခရမ်းချဉ်သီးပင်များ စိုက်ပျိုးရာတွင် ယာခင်းအတွင်း ၃ ပေစီခြား၍ တစ်ပင်စီ စိုက်ပျိုးထားရာ စိုက်ပျိုးပြီး ၂၅ ရက်မှ ၃၅ ရက်အကြာတွင် အပွင့်ဝေ၍ ၄၅ ရက် မှစ၍ အသီးစလိုက်ပြီဖြစ်ကြောင်း ဓာတ်မြေဩဇာအဖြစ် နွားချေးကို အသုံးပြုပြီး ပေါင်းသတ် ဆေး အပင်အားတိုးဆေးပုလဲ တို့ကို လိုအပ်သည့် ပမာဏအတိုင်း ပတ်ဖျန်းပေးထားရာ စိမ်းစိုလျက်ရှိကြောင်းနှင့် မြေအောက်ရေ တူးဖော်၍ နေ့စဉ် မနက် ၇နာရီ တစ်ကြိမ် ညနေ ၅ နာရီခွဲတစ်ချိန် နေ့စဉ် ရေပိုက်ဖြင့် ရေလောင်းပေးလျက်ရှိပြီး မြို့မဈေးကြီးတွင် ပေါက် ဈေး တစ်ပိဿာလျှင် ၁၅၀၀ ကျပ်ဖြစ်၍ ယခင်နှစ်များထက် ပိုမိုစိုက်ပျိုးထားကြောင်း ယခုအခါ အပွင့်များ စတင်လိုက်နေပြီ ဖြစ်ပြီး အပင် စုစုပေါင်း ၁၃၀ ကျော် စိုက်ပျိုးထားကြောင်း ဦးအောင်ငွေ၏ ပြောပြချက်အရသိရသည်။
ဇင်ကိုကို(ပြန်/ဆက်)