ကျိုင်းတုံခရိုင် Community Centre ခန်းမ၌ သဘာဝဘေးအန္တရာယ် ဆိုင်ရာသိကောင်းစရာ Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ကျိုင်းတုံ  မတ် ၂၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ Community Centre ခန်းမတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ သိကောင်းစရာ Talk Show ဆွေးနွေးပွဲကို ယနေ့ ယမန်နေ့  နံနက် (၁၀) နာရီခွဲအချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့် ပတ်သတ်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက်အသိပညာပေး Talk Show ဆွေးနွေးပွဲ  ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဝင်းက ဌာန၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရသည့် အပိုင်းများ ကျိုင်းတုံခရိုင်အနေဖြင့် သဘာဘေးကြိုတင်ပြင် ဆင်ထားရှိ မှုများနှင့် ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေး ဆွေးနွေး ပြောကြားခဲ့ကြကြောင်း သိရသည်။

အဆိုပါ  အသိပညာပေး Talk Show ဆွေးနွေးပွဲ  အစီအစဉ် အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် We Love Kyaing Tong Facebook Page တွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိန်သန်း (ပြန်/ဆက်)