ရေးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနကျောင်းများကို မီးဘေးအန္တရာယ် ကာကွယ်​ရေး ကွင်းဆင်းစစ်ဆေး

ရေး မတ် ၂၆

၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် မတ် ၃၁ ရက်​​နေ့တွင် တက္ကသိုလ်ဝင်တန်း​​ဖြေဆိုမည့် ​​ရေးမြို့နယ်အတွင်းရှိ စာစစ်ဌာန​ကျောင်းများအား မြို့နယ်မီးသတ်ဦးစီးဌာန၊ လျှပ်စစ်၊ စည်ပင်သာယာ​ရေးနှင့် ပညာ​ရေးဌာနတို့ ပူး​ပေါင်း၍ ယ​နေ့နံနက် ၉ နာရီက မီးဘေးအန္တရာယ် ကာကွယ်​ရေး ကွင်းဆင်းစစ်ဆေး ​ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်း​စစ်​ဆေးခြင်းကို  ရန်မျိုး​အောင်ရပ်ကွက်ရှိ စာစစ်ဌာန (၁) အမှတ်(၁)အ​ခြေခံပညာအထက် တန်းကျောင်းနှင့် စာစစ်ဌာန(၂) အထက အစင်​ကျောင်းများသို့ သွား​ရောက်ပြီး ကျောင်းဝင်းအတွင်းနှင့် စာ​ဖြေခန်းများအတွင်း မီး​​ဘေးအန္တရာယ် ကြိုတင်​ဆောင်ရွက်ထားရှိမှုများ၊ စာသင်ခန်းပြင်ပတွင် မီးသတ် ဆေးဘူးများ ချိတ်ဆွဲထားရှိမှု၊ မီးဘေးစီမံချက်များနှင့် မီး​လောင်မှုဖြစ်ပွားပါက အ​ရေး​ပေါ် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ကပ်ထားမှုများကို စစ်​ဆေး​ဆောင် ရွက်ခဲ့ကြပြီး လိုအပ်သည်များကို မှာကြား​ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။

ခင်သိမ့်သိမ့်ရည် (ရေး)