မုဒုံမြို့နယ် ကွမ်ကဗွီးကျေးရွာတွင် လယ်ယာကုန်ထုတ်တံတား တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

မုဒုံ မတ် ၂၆

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကျေးလက်ဒေ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူများ၏ ဒေသထွက် ကုန်ပစ္စည်းများ စျေးကွက်သို့ လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကျေးလက် ကုန်ထုတ်လမ်းနှင့် တံတားများကို ဖောက်လုပ် တည်ဆောက် ပေးလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့နယ် ကွမ်ကဗွီးကျေးရွာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လအတွင်း ပြည်နယ် ရန်ပုံငွေကျပ် ၂၅ ဒသမ ၀၄ ကျပ်သန်းဖြင့် Southern Royal Class ကုမ္ပဏီက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစတင်ပြီး အရှည် ၂၅ ပေ၊ အကျယ် ၁၅ ပေ၊ အမြင့် ၇ ပေရှိ လယ်ယာ ကုန်ထုတ် တံတားကို တည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ရာ တောင်သူများ၏ စိုက်ပျိုးရေး လုပ်ငန်းများအတွက် များစွာအကျိုးပြုမည် ဖြစ်ကြောင်း မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)