လမိုင်းမြို့ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အကြို ပြိုင်ပွဲများ ကျင်းပ

လမိုင်း မတ် ၂၆

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် လမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ အိမ်ဆောက် ခြင်း ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူအေးက ကလေးငယ် များအနေဖြင့် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ် ချက်ကို ရှင်းလင်းပြောကြားပြီး ကလေးငယ်များအား (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြို ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ အိမ်ဆောက်ခြင်း ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပါဝင်ယှဉ်ပြိုင်ကြသော က​လေးငယ်များအား အမှတ်တရ လက်ဆောင်များ တစ်ဦးခြင်း ပေးအပ်ကြကြောင်း သိရသည်။

ဖြူဖြူအေး( ပြန်/ဆက်)