ကျောက်ဖြူမြို့တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များမှ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

ကျောက်ဖြူ   မတ်  ၂၆

၂၀၂၂ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင်ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် (၇) နာရီက မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့ ဝင်များမှ တောင်ရင်းရပ်ကွက်ရှိ ကျောက်ဖြူဘိုး ဘွားရိပ်သာတွင် စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ခဲ့ ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး နေထွန်းလင်း ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ကျောက်ဖြူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ရေကြောင်းရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့စု၊ သတင်းရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ရေနံမြေရဲတပ်ဖွဲ့၊ အမှတ် (၃၂) လုံခြုံရေးရဲတပ်ဖွဲ့ခွဲတို့မှ တပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်း(၁၁၅)ဦး တို့က ကျောက်ဖြူဘိုးဘွားရိပ်သာ ခြံဝင်းအတွင်းရှိ အမှိုက်သရိုက်များအား သန့်ရှင်းရေးပြုလုပ်ပေး ခြင်း၊ ခြုံနွယ်ပေါင်းပင်များအား ခုတ်ထွင်ရှင်းလင်းပြီး စုပုံမီးရှို့ခြင်း၊ အမှိုက်များအား သတ်မှတ်နေရာ များသို့ ပို့ဆောင်ခြင်း၊ ထင်းခြောက်များအား အမိုးအောက်သို့ စနစ်တကျ ပြောင်းရွှေ့ ထားရှိခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)