မိုင်းဖြတ်၌ နိုင်ငံ​တော်မှဆက်ကပ်သည့် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တနန္ဒောဘာသအား ဂုဏဝိသိဌ ဂုဏ်ပြုပူဇော်ပွဲကျင်းပ

မိုင်းဖြတ် မတ် ၂၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နိုင်ငံ​တော်မှဆက်ကပ်သည့် အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တနန္ဒောဘာသအား ဂုဏဝိသိဌ  ဂုဏ်ပြုပူဇော်ပွဲကို ယမန်နေ့  နံနက် ၉ နာရီက ထေရဝါဒဗုဒ္ဓသာ သနာပြု (ဗဟို) ကျောင်းတိုက်ရှ မင်္ဂလာသီရိ​ကျောင်း​ဆောင်၌ ကျင်းပပြု လုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ဂုဏ်ပြုမင်္ဂလာပွဲသို့ တက်ရောက်လာကြသော သံဃာ​တော်အရှင်သူမြတ်များနှင့် ပရိတ်သတ်များက နမောတဿ (၃) ကြိမ် ရွတ်ဆိုကန်တော့ကြပြီး အခမ်းအနားကို ဖွင်းလှစ်ခဲ့ သည်။ ထို့​နောက် မိုင်းယုမြိုထေရဝါဒ သာသနာပြု (ဗဟို) ကျောင်းတိုက်၊ ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇဘဒ္ဒန္တတိစိတ္တသာရထံမှ ပရိတ်သတ်များ က  ငါးပါးသီလခံယူတည်ဆောက်ကြသည်။

ယင်းနောက် မိုင်းဖြတ်မြို့နယ်ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းတိုက်၊ အဂ္ဂမဟာသဒ္ဒ မ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တနန္ဒောဘာသ အရှင်မြတ်၏ ထေရုပ္ပတ္တိအား တာချီလိတ်မြို့ ထေရဝါဒဗုဒ္ဓ သာသနာပြု (ဗဟို) ကျောင်းတိုက်၊ ဆရာတော် ဘဒ္ဒန္တအဂ္ဂဉာဏ (သာသနဓဇဓမ္မာစရိယ) မှ ဖတ်ကြားတော်မူပြီး သံဃာတော် အရှင်သူမြတ်တို့ထံမှ မေတ္တာပရိတ် တရားတော်ကို နာယူခဲ့ကြသည်။

ဆက်လက်၍ အမှတ်(၁၈)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အေးမင်းဦးနှင့် ဇနီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်ဦးထွန်း​ရွှေနှင့်ဇနီး၊ ဒါယကာ၊ ဒယိကာမများက ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တနန္ဒောဘာသနှင့်တကွ ပင့်သံဃာတော် အရှင်မြတ်တို့အား လှူဖွယ်ဝတ္တု ပစ္စည်းများ ဆက်ကပ်ပူဇော်လှူဒါန်းခဲ့ကြပြီး မိုင်းယုမြိုထေရဝါဒ သာသနာပြု (ဗဟို) ကျောင်းတိုက်၊ ဆရာတော်အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တတိစိတ္တသာရထံမှ  ရေစက်ချ အနုမောဒနာ တရားတော်ကို နာယူကြည်ညိုခဲ့ကြကြောင်း သိရသည်။ ထို့နောက် အလှူရှင့် ဦးထွန်း​ရွှေနှင့်ဇနီးတို့က ရွှေမိုးငွေမိုးရွာသွန်းဖြိုးပြီး  သံဃာတော်အရှင်သူမြတ်များအာ နေ့ဆွမ်း များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)